မကွေး မတ် ၁၇
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် နွားကူးကျေးရွာ ကောင်းမွန်မုန့်စက်ရုံ၌ မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့မွန်းလွှဲပိုင်းက ဆောင်ရွက်ခဲ့ရာ မကွေးခရိုင်မီးသတ်ဦးစီးမှူး ဦးသန့်စင်က မီးဘေးလုံခြုံရေးနှင့်စပ်လျဉ်း၍ မီးလောင်မှုဖြစ်ပွားစေသော အကြောင်းရင်းများ၊ မီဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအကြောင်းများကို ရှင်းလင်းပြောကြားသည်။
ရှင်းလင်းပြောကြား
ထို့နောက် မကွေးခရိုင် မီးသတ်ဦးစီးမှူးဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ရှေးဦးမီးငြှိမ်းသတ်ရေးပစ္စည်းဖြစ်သော မီးသတ်ဆေးဘူးကို နည်းစနစ်မှန်ကန်စွာ ကိုင်တွယ်အသုံးပြုတတ်စေရေးအတွက် ရှင်းလင်းပြောကြားခြင်း၊ မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြခြင်းများကို ဇာတ်တိုက်လေ့ကျင့်ပြသပေးရာ ကောင်းမွန်မုန့်စက်ရုံ ဝန်ထမ်းများက အတူတကွပါဝင် ဆောင်ရွက်ခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)


