မကွေး စက်တင်ဘာ ၁၂
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက မကွေးမြို့ အောင်ဇေယျာရပ်ကွက် ၄ လမ်း၌ ယနေ့ညနေပိုင်းက တစ်ဦးလျှင် နှမ်းဆီ တစ်ပိဿာ ငွေကျပ် ၄၉၅၀ နှုန်းဖြင့် ဈေးနှုန်း ချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
အလှည့်ကျ ရောင်းချပေး
အလားတူ မကွေးမြို့ ရန်ပယ်ဈေးနှင့် မြို့ပေါ်ရပ်ကွက်များ၌ ယမန်နေ့နံနက်ပိုင်းမှစ၍ အလှည့်ကျ ဆက်လက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဝင်းမောင်(မကွေး)