မကွေး ဧပြီ ၁

 

မကွေးမြို့ပေါ်ရှိ အောင်မေတ္တာ ရပ်ကွက်၊ အောင်စေတနာရပ်ကွက်နှင့် တိုးချဲ့ရပ်ကွက်တို့မှ ပြည်သူများ သန့်ရှင်းသပ်ရပ်စွာ ဈေးဝယ်ယူနိုင်ရန်နှင့် ပျံကျဈေးသည်များ စနစ်တကျ ရောင်းချနိုင်ရန်အတွက် သစ်တောဈေးကို တည်ဆောက် လျက်ရှိသည်။

 

အဆိုပါ သစ်တောဈေးကို ပြည်သူများ ထည့်ဝင်ငွေကျပ် သန်း ၂၀၀ ဖြင့် ဖေဖော်ဝါရီလမှ စတင်တည်ဆောက်ခဲ့ပြီး လက်ရှိတွင် ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ရာ သစ်တောဈေးတွင် ကုန်ခြောက်ဆိုင် ၁၄၀၊ သား/ငါး ၁၂ ခန်းနှင့် ပျံကျ ၈၄ ခန်းပါရှိသည်။

 

အဆိုပါ သစ်တောဈေးတွင် ဈေးသည်များ အဆင်ပြေစေရန်အတွက် ဈေးဆိုင်ခန်းများ၌ ရေ၊ မီးနှင့် သန့်စင်ခန်းများကို စုံလင်စွာ ဆောင်ရွက်ပေးထားသည့် အပြင် သွားလာရေးအဆင်ပြေစေရန် ဈေးအတွင်း လမ်းမကြီးနှင့် လမ်းသွယ်များကို ကွန်ကရစ်ခင်းခြင်းများ ဆောင်ရွက်ပေးထားပြီး မကွေးမြို့ အောင်မေတ္တာရပ်ကွက် ပညာရေးကောလိပ်လမ်းနှင့် သုခိတာလမ်းကြား၌ တည်ဆောက်ထားကြောင်း သိရသည်။

 

မောင်ခိုင်မင်း(ပြန်/ဆက်)