မကွေး မေ ၁၃
မကွေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ရက်(၁၀၀) စီမံချက်ဖြင့် ဖွင့်လှစ်သည့် တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံး သင်တန်း ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်စုစုခိုင်က သီးနှံ အခြေခံ တန်ဖိုးမြှင့်စားသောက် ကုန် ထုတ်လုပ်နည်းများကို စနစ်တကျ လိုက်နာအသုံးပြု၍ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်လာသည်အထိ ကြိုးစားကြ စေလိုကြောင်း ပြောကြားသည်။
အဆိုပါ ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံသီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု သင်တန်းကို မေ ၁၃ ရက်မှ စတင်၍ စာတွေ့ ၃၀ ရာခိုင်နှုန်း၊ လက် တွေ့ ၇၀ ရာခိုင်နှုန်းဖြင့် သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)


