မကွေး ၃ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ Mask အခုရေ(၅၀၀၀၀)လှူဒါန်းပွဲနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားကို အောက်တိုဘာ ၂ ရက် မွန်းလွဲပိုင်းက မကွေးမြို့နယ် စုပေါင်းရုံးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မကွေးမြို့နယ် COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်တို့က အမှာစကား အသီးသီးပြောကြား ခဲ့ကြပြီး Mask အခုရေ(၅၀၀၀၀)လှူဒါန်းရခြင်းနှင့် ပတ်သက်၍ အလှူရှင် ဦးလှမြင့်က ရှင်းလင်းပြော ကြားခဲ့သည်။
ဆက်လက်ပြီး မကွေးမြို့နယ် COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌထံ Mask အခုရေ(၅၀၀၀၀)ကို အလှူရှင်မှ ပေးအပ်ခဲ့ပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က မကွေးမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ငွေကျပ်သိန်း (၂၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းက Mask အခုရေ (၅၀၀၀၀)လှူဒါန်မှုနှင့် ထောက်ပံ့ငွေပေးအပ်ခဲ့မှုအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်၊ COVID -19 ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မကွေးမြို့ပေါ် (၁၅)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)