မကွေး ၁၃ ဧပြီ

 

မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြို့ပင်အင်းကျေးရွာရှိ ဦးသိန်းထွန်း၏ နေအိမ်မှတစ်ဆင့် ယနေ့ ဧပြီ  ၁၃ ရက်၊ မွန်းလွဲ၁ နာရီခန့်က  မီးစတင်လောင်ကျွမ်းရာ လူနေအိမ် ၃၂ လုံးမီးလောင် ဆုံးရှုံးခဲ့ပြီး ကျေးရွာနေ ပြည်သူ ၁၁၅ ဦးအိုးမဲ့ အိမ်မဲ့ဖြစ်ပွားခဲ့ရာ မီးဘေးသင့်ပြည်သူများအား ညနေပိုင်းတွင် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

mdn

 

ထိုသို့ ထောက်ပံ့ပစ္စည်းပေးအပ်ရာတွင်  ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်ပြည်သူတစ်ဦးလျှင် တစ်ရက် ဆန် နို့ဆီဘူး နှစ်လုံးနှုန်းဖြင့် တစ်ပတ်စာ၊ တိုင်းဒေသကြီး ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ တစ်အိမ်ထောင်လျှင် မိသားစုသုံး Family Kit တစ်ပုံးစီ၊ ကျန်းမာရေးသုံးပစ္စည်း တစ်ပုံးစီ၊ သောက်ရေသန့်ဘူးကြီး တစ်ဘူးစီ၊ အမျိုးသမီးသုံး ပစ္စည်းများအပြင် ကြိုးကြာကန်၊ ညောင်ကန်၊ လင်းမြင့်နှင့် ဖိုလေးလုံးကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက ထမင်းဘူးများ ပေးဝေခြင်းတို့ ထောက်ပံ့ပေးလျက်ရှိပြီး၊ အိမ်ဆောက်ပ္စည်းများအား ဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝေဖြိုးလေး(ပြန်/ဆက်)