မကွေး ဇန်နဝါရီ ၃

 

မကွေးမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်တွင် ထိခိုက်ဒဏ်ရာရသူ(၂)ဦးအား ငွေလုံးငွေရင်းအကျိုးခံစားခွင့်ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးမြို့၊ Viettel Construction Co.,Ltd. အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။ 

 

ဆက်လက်၍ မကွေးမြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် Viettel Construction Co.,Ltd. မှ အာမခံအလုပ်သမားအတွက် လုပ်အားဆုံးရှုံးမှု (၅၀)ရာခိုင်နှုန်းဖြစ်သည့် (၇)နှစ်စာငွေလုံးငွေရင်း ငွေကျပ်(၈၈)သိန်း(၂)သောင်းကျပ်နှင့် AGD Bank (Mgy)မှ အာမခံအလုပ်သမားအတွက် လုပ်အားဆုံးရှုံးမှု (၇၀)ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ်(၁၀၂)သိန်း (၉)သောင်းကျပ်အား ကာယကံရှင်များ၏ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

စည်သူ(မကွေး)