မကွေး  ၂၄  နိုဝင်ဘာ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အိုင်ကြီးကုန်း ကျေးရွာအုပ်စု၊ သံဘိုကန်ကျေးရွာနှင့် အလယ်ကျွန်း(မြောက်)ကျေးရွာတို့တွင် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း(NEP) ICB-3 တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် မီးရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

2

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် မဟာဓာတ်အားလိုင်း ရောက်ရှိသည့်နေရာမှ ၁၀ မိုင်နှင့်အထက် ဝေးကွာသော ကျေးရွာများကို မဟာဓာတ်အားလိုင်းပြင် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP Off-Grid)ဖြင့် မီးရရှိရေး ဆောင်ရွက်ပေးလျက်ရှိသည်။

 

3

 

လက်ရှိမှာတော့ သံဘိုကန်ကျေးရွာနှင့် အလယ်ကျွန်း(မြောက်)ကျေးရွာတို့ရှိ (၉၄)အိမ်ကို တစ်အိမ်သုံး ၆၀ ဝပ်ဆိုလာ (၈၃)ယူနစ်၊ ၁၀၀ ဝပ် ဆိုလာ(၁၁)ယူနစ်နှင့် အများပြည်သူပိုင် နေရာများဖြစ်သော အခြေခံပညာ မူလတန်းကျောင်း တစ်ကျောင်း၊ လမ်းမီးတိုင် (၁၂)တိုင်၊ ဘာသာရေးအဆောက်အဦ သုံးခုတို့တွင်လည်းကောင်း  မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုးက ပြေသည်။

အဆိုပါ ဆိုလာမီးလင်းရေးလုပ်ငန်းအတွက် ကျေးရွာနေပြည်သူများမှ ၆၀ ဝပ်ဆိုလာအတွက် ငွေကျပ် ငါးသောင်းနှင့် ၁၀၀ ဝပ်ဆိုလာအတွက် ငွေကျပ် တစ်သိန်းငါးသောင်း ထည့်ဝင်ရပြီး အများပြည်သူပိုင် နေရာများကို အခမဲ့တပ်ဆင်ပေးလျက်ရှိကြောင်း သိရသည်။

မကွေးမြို့နယ်အတွင်း အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) ICB-3 ဖြင့် သံဘိုကန်ကျေးရွာနှင့် အလယ်ကျွန်း (မြောက်) ကျေးရွာအပါအဝင်  ယင်းသာစည်(အနောက်)ကျေးရွာ၊ ကျွန်းတော်ကျေးရွာ၊ မြေနုကျေးရွာ စသည့် (၅)ရွာရှိ အိမ်ခြေ(၄၄၇)အိမ်ကို တစ်အိမ်သုံး ၆၀ ဝပ်ဆိုလာ (၃၃၀)လုံး၊ ၁၀၀ ဝပ် ဆိုလာ(၁၁၇)လုံးနှင့်  အများပြည်သူပိုင် နေရာများဖြစ်သော အခြေခံပညာမူလတန်းကျောင်း တစ်ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း နှစ်ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း တစ်ကျောင်း၊ ကျန်းမာရေး ဆေးပေးခန်းနှစ်ခု၊ လမ်းမီးတိုင် (၅၉)တိုင်နှင့် ဘာသာရေး အဆောက်အဦ ခြောက်ခုတို့တွင် မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

သန်းလွင်(မကွေး)

{Myanmar Digital News ၏ သတင်းများကို http://www.mdn.gov.mm ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။}