မကွေး ၈ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကို နိုဝင်ဘာလ ၈ ရက်နေ့ နံနက်(၆) နာရီမှစတင်၍ တစ်ပြည်လုံးအတိုင်းအတာဖြင့် ကျင်းပခဲ့သည်။
မဲရုံများတွင် မဲရုံမှူး၊ ဒုမဲရုံမှူးတို့က ညနေ ၄ နာရီတိတိချိန်တွင် မဲရုံပိတ်သိမ်းကြောင်းကြေညာခဲ့ပြီး၊ ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ ရပ်မိရပ်ဖများ၊ စောင့်ကြည့်အဖွဲ့များရှေ့တွင် မဲပုံးလုံခြုံရေးကြိုးများ ဖြတ်တောက်ကာ ဆန္ဒမဲများကို ရေတွက်လျက်ရှိပြီး၊ရရှိလာသည့် မဲရလဒ်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မကွေးမြို့နယ်အတွင်း နိုင်ငံရေးပါတီ ၆ ခုက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး မကွေးမြို့နယ်တွင်ကျေးရွာအုပ်စု (၇၆) အုပ်စုရှိပြီး မဲရုံပေါင်း(၂၆၃) ရုံရှိကာ ဆန္ဒမဲပေးခွင့်ရှိသူစုစုပေါင်း နှစ်သိန်းလေးသောင်းကျော်နှင့် အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင် (၃၉၅၃၁)ဦးရှိကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
မကွေးခရိုင်ပြန်/ဆက်


