မကွေး ၂၉ စက်တင်ဘာ
မကွေးမြို့နယ်မှ positive ပိုးတွေ့လူနာ ၅ ဦးကို ထပ်မံစစ်ဆေးရာ ပိုးမတွေတော့သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြု လိုက်ပြီဖြစ်ကြောင်း မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။
မကွေးမြို့နယ် ၊ ဆားစည်ရပ်ကွက်နေ မိသားစု (၅)ဦး ၊ မြင်သာရပ်ကွက်နေ သူ (၁)ဦး ၊ မိချောင်း ရဲတိုက်နယ် ၊ မကျီးကန်ရွာနေသူ (၁)ဦး တို့အား နေရပ်ဒေသအသီးသီးရှိ နေအိမ်များသို့ စက်တင်ဘာ ၂၈ ရက်နေ့တွင် KS Rescue ပရဟိတအဖွဲ့က ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။
" မကွေးတိုင်းထဲက မြို့နယ်တွေမှာ ကိုဗစ် positive လူနာ ၃၄ ဦးရှိပါတယ်။ ဒီအထဲကမှ ၂၁ ဦးကို ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပါပြီ '' ဟု မကွေးတိုင်းပြည်သူ့ကျန်းမာ ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်း ကပြောသည်။
မကွေးတိုင်းမှ ပိုးတွေ့သူ ၃၄ ဦးထဲတွင် ကျား (၂၃) ဦး၊ မ (၁၁) ဦး ပါဝင်ပြီး အသက်အငယ်ဆုံး (၄) လ၊ အသက်အကြီးဆုံး (၇၅) နှစ် တို့ဖြစ်ကြောင်း မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။
မကွေးတိုင်းဒေသကြီးမှ ကိုဗစ် ကူးစက်ခံရသူများထဲတွင် ပြည်ပပြန် (၃) ဦး ၊ ရခိုင်ပြန် (၃) ဦး ၊ ရန်ကုန်ပြန် (၂၅) ဦး ၊နေပြည်တော်ပြန် (၁)ဦး ၊ မြို့ပေါ်ကူးစက် (၂) ဦးတို့ ပါဝင်ကြောင်း သိရသည်။
ဇေယျတု ( မကွေး)