မကွေးမြို့နယ်၌ လက်သမား/ပန်းရံသင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်

မကွေး   မေ  ၁၆

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကကြီးမှူးပြီး မကွေးမြို့နယ်၌ "အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား/ ပန်းရံသင်တန်း" ဖွင့်ပွဲကို မေ ၁၅ ရက်နေ့ နံနက် ၉ နာရီက မကွေးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ပထမဦးစွာ မကွေးခရိုင်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ဇောဟိန်းက အဖွင့်အမှာစကား ပြောကြားပြီး မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တင်တင်စိုးက ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား/ပန်းရံသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။

 

မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား/ပန်းရံသင်တန်းကို မေလ ၁၅ ရက်နေ့မှ ၂၉ ရက်နေ့ ထိ ၁၅ ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး မြင်ကင်းကျေးရွာ၊ ချောင်းဖြူကျေးရွာ၊ မယ်လှတောင်ကျေးရွာ၊ သေင်္ဘာဆိပ်ကျေးရွာတို့မှ သင်တန်းသား ၂၅ ဦး တက်ရောက်ခဲ့ကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

အထွေး