မကွေး မတ် ၂၆
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်၌ မီးလန့်မှု၊ မီးလောင်မှုမဖြစ်ပွားစေရေး မြို့နယ်အတွင်း KTV လုပ်ငန်းများကို မီးဘေးလုံခြုံရေးကွင်းဆင်း စစ်ဆေးခြင်း ယမန်နေ့က ဆောင်ရွက်သည်။
အဆိုပါမီးဘေးလုံခြုံရေးစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးစိုးသူနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း KTV လုပ်ငန်းများ မီးဘေးလုံခြုံရေးအတွက် တပ်ဆင်ထားသော မီးငြှိမ်း သတ်ရေးပစ္စည်းကိရိယာများ အဆင်သင့်အသုံးပြုနိုင်ရေး စီမံဆောင်ရွက် ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ Fire Alarm System ကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ ဝန်ထမ်းများအား မီးငြှိမ်းသတ်ရေးပစ္စည်းများ လက်တွေ့ကိုင်တွယ်အသုံးပြုတတ်စေရန် သရုပ်ပြလေ့ကျင့်ခြင်းများဆောင်ရွက်သွားရန် စစ်ဆေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့သည်။
ဝင်းအိမွန် (ပြန်/ဆက်)