မကွေးမြို့နယ်၌ မီးလောင်မှုဖြစ်ပွားသဖြင့် နေအိမ် ၁၇ လုံး မီးလောင်ဆုံးရှုံး

မကွေး ၂၁  ဧပြီ 

 

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ကျစ်စုံပွေးကျေးရွာတွင် ယနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က ကျေးရွာမြောက်ပိုင်းရှိ နေအိမ်တစ်အိမ်မှစတင်၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

dfdf

 

အဆိုပါ မီးလောင်မှုအား ခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ရာ နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် မီးညွန့်ကျိုးပြီး ၁၁ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

 

မီးလောင်မှုကြောင့် လူနေအိမ် ၁၇ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ကနဦးသတင်းအရ သိရသည်။


MDN

 

dff