မကွေး၊ ၈ ဒီဇင်ဘာ
မကွေးခရိုင် ငါးလုပ်ငန်းဦးစီးဌာနသည် ဒေသအတွင်း ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးမှုများ လျော့နည်း ပပျောက်စေရန် ကွင်းဆင်းပညာပေး ဟောပြောစည်းရုံးခြင်း၊ ကွင်းဆင်းစစ်ဆေးအရေးယူခြင်း လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျှက်ရှိသည်။
ယခုနှစ် မျှောပိုက်လုပ်ငန်းရာသီချိန်တွင် သက်ဆိုင်ရာ မျှောပိုက်ရေလုပ်သားအဖွဲ့များအနေဖြင့် မိမိတို့၏ မျှောပိုက်ချက်နှင့် ကျေးရွာနယ်မြေ အတွင်းဘက်ထရီ ရှော့တိုက်ငါးဖမ်းဆီးမှုမရှိစေရေး ဌာနနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ ရေလုပ်သားအချင်းချင်း ထိန်းကျောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်နှင့် ဘက်ထရီရှော့တိုက် ငါးဖမ်း ဆီးသူများရှိက မျှောပိုက်လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ခြင်းမပြုကြောင်း စည်းကမ်းများ သတ်မှတ်၍ ပညာပေး ဟောပြောစည်းရုံးမှုများ ဆောင်ရွက်လျှက်ရှိရာ မကွေးမြို့နယ်၊ မကျီးခြေထောက် ကျေးရွာ ရေလုပ်သား(၂၉)ဦးပါအဖွဲ့ရှိ ရေလုပ်သား(၁၁)ဦးမှ ၎င်းတို့ရှိ ဘက်ထရီ ရှော့တိုက် ပစ္စည်း(ရှော့ထုပ်) (၁၂)ထုပ်အား ယမန်နေ့က ငါးလုပ်ငန်းဦးစီးဌာနသို့ အပ်နှံ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


