မကွေး ဇူလိုင် ၂၄

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြု လူနာပေါင်း (၁၂၄၆) ဦးအထိ ရှိပြီဖြစ်သဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် ပိုးတွေ့လူနာများ ကုသရမည့် ဆေးရုံများနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ သိရှိနိုင်စေရန် ရည်ရွယ်၍ ဇူလိုင် ၂၄ ရက် နံနက် () နာရီက မြို့မဈေးရှိ ဈေးရောင်း/ဈေးဝယ် ပြည်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် မကွေးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များမှ မြိုမဈေးအတွင်းရှိ ဈေးရောင်း/ ဈေးဝယ် ပြည်သူများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ Call Center ဖုန်းနံပါတ်များ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ရန် မပျက်မကွက် လုပ်ဆောင်ရမည့် အချက်များနှင့် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ လူနာများ ကုသရမည့် ဆေးရုံများ၊ ကုသရမည့် နေရာများနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များပါဝင်သော လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

စည်သူလွင်(ပြန်/ဆက်)

mdn