မကွေး ၁၈ ဧပြီ
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် ဧပြီ ၁၆ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့သဖြင့် လေဘေးသင့်အိမ်ထောင်စု ၂၃၀ အတွက် ထောက်ပံမှုများ လုပ်ဆောင်ထားကြောင်း တိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် မကွေးမြို့နယ် ကျေးရွာအုပ်စု(၁၄)စုမှ ကျေးရွာပေါင်း(၂၀)တွင် ပြိုကျလူနေအိမ် ၅ လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးလူနေအိမ် ၂၂၅ လုံးရှိခဲ့ရာ အိမ်ထောင်စု ၂၃၀ စု၊ လူဦးရေ ၉၈၉ ဦး လေဘေးသင့်ခဲ့ကြောင်း သိရသည်။
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပျက်စီးလူနေအိမ် ၂၃၀ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၄၄၁၀၀၀၀ ကျပ်၊ ဆန် ၇ ရက်စာဖိုး ၂၀၇၆၉၀၀ ကျပ်၊ စုစုပေါင်း ၆၄၈၆၉၀၀ ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုး (၅ အိမ်ထောင်စုစာ) တို့ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဇေယျတု(မကွေး)