နေပြည်တော် ၁၇ ဧပြီ

 

 

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်း ဧပြီ ၁၆ ရက် ညနေ ၅ နာရီ ၄၅ မိနစ်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သာယာကုန်းကျေးရွာပါ ၄ ရွာတို့၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၂၁ လုံး အမိုးလန်ပျက်စီးခြင်းနှင့် နွားတင်းကုတ် ၁ လုံး အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

 

 

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဧပြီ ၁၆ ရက် ညနေပိုင်းက လေပြင်းတိုတ်ခတ်မှုကြောင့် မုံရွာမြို့နယ်၊ ပေါက်ငယ်ကျေးရွာ၌ စာသင်ကျောင်း ၁ ကျောင်း အမိုးလန်ပျက်စီးခြင်း၊ မင်းကင်းမြို့နယ်၊ မောက်တက်ကျေးရွာပါ ၂ ရွာ၌ နေအိမ် အလုံး ၂၀ အမိုးလန်ပျက်စီးခြင်းနှင့် နေအိမ် ၁ လုံး သစ်ပင်ပိပျက်စီးခြင်းနှင့် အရာတော်မြို့နယ်၊ ညောင်ဒူးကျေး ရွာပါ ၂ ရွာ၌ နေအိမ် ၄ လုံး အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

 

 

ရဲပြန်ကြား