မကွေး ၃ ဧပြီ
မကွေးတိုင်းဒေသကြီး မကွေးမြို့ နေ့စဉ်သံဃာ့ဒါနဆွမ်းလောင်းအသင်းမှစီစဉ်ကာ ပြည်သူမှပြည်သူ့ကို လှူဒါန်းရခြင်း အစီအစဉ်အဖြစ် မကွေးမြို့ပေါ်ရှိ အနှေးယာဉ်ဆိုက်ကားဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေကြသော မိသားစုများအတွက် ဆန်၊ ဆီ၊ ဆပ်ပြာနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ထိုသို့ လှူဒါန်းခြင်းကို ဒေါက်တာစိုးမင်းနိုင်ဇနီးဒေါက်တာစိမ်းလဲ့သွင် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်ကြီးနှင့် ဒေါက်တာခင်စောယုမွန် မေးရိုးသွားနှင့် ခံတွင်းအထူးကု ဆရာဝန်ကြီး မိသားစုတို့မှ အနှေးယာဉ်ဆိုက်ကား မိသားစု(၇၆)ဦးနှင့် မကွေးမြို့မဈေးလုံခြုံရေးနှင့် ညစောင့်မိသားစု ၆ ဦး စုစုပေါင်း ၈၂ ဦးအား တစ်ဦးလျှင် ဆန် ၆ ပြည်တစ်အိတ် ၊ဆီ ၁ လီတာ ၁ ဘူး၊ ဆပ်ပြာ ၁ တောင့် ၊ငွေ ၃၀ဝ၀ ကျပ်စီ လှူဒါန်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အလှူရှင် မိသားစုမှ ယခုလတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်သူအများစုမှာ ယခုရက်များအတွင်း မလိုအပ်ဘဲ အပြင်မထွက်စေရန် ရည်ရွယ်၍ အနှေးယာဉ်ဆိုက်ကား မိသားစုများအား လှူဒါန်းရခြင်းဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)


