မကွေးမြို့တွင် (၂၇) ကြိမ်မြောက် ကျွန်းမကြီး ကဗျာရွတ်ပွဲ ကျင်းပမည်

မကွေး ၃  ဇန်နဝါရီ

မကွေးမြို့တွင် (၂၇) ကြိမ်မြောက် ကျွန်းမကြီးကဗျာရွတ်ပွဲ အထိမ်းအမှတ် အဖြစ် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ မကွေး-မင်းဘူးဧရာဝတီမြစ်လယ် ကျွန်းမကြီးတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

အဆိုပါ ကျွန်းမကြီးကဗျာရွတ်ပွဲသည် ၁၉၉၁ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့မှစတင်ကျင်းပပြုလုပ်ခဲ့ရာ ၁၉၉၈ ခုနှစ် ၊ ၂၀၁၀ ခုနှစ်အထိ အကြောင်းအမျိုးမျိုးကြောင့် ရပ်နားခဲ့ရပြီးနောက် ဆက်လက်၍  ကဗျာရွတ်ပွဲများ ကျင်းပလာခဲ့ရာ ယခုနှစ်တွင် (၂၇) ကြိမ်မြောက် ကျင်းပသွားမည်ခြင်း ဖြစ်ကြောင်း ဦးဆောင်သူများ မကွေးကဗျာဆရာ လူငယ်များအဖွဲ့မှ သိရသည်။

မကွေးမြို့ ဧရာဝတီတံတား မြောက်ဘက် ဧရာဝတီမြစ်၏ အလယ်ကျွန်းပေါ်မှာ နှစ်စဉ်ကျင်းခဲ့သည့် ငွေရတုအကြိမ် 'ကျွန်းမကြီးကဗျာရွတ်ပွဲ' ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်တွင် ကျင်းပခဲ့သည်။

"မကွေးတိုင်းက ကဗျာဆရာတွေ ဦးဆောင်ပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ ကဗျာဆရာတွေ ဖိတ်ကြား တက်ရောက်ခဲ့တာပါ။ ကျွန်းမကြီး ကဗျာရွတ်ပွဲ ငွေရတုမြောက် အထိမ်းအမှတ်အဖြစ် ကဗျာစာအုပ်ထုတ်ဝေနိုင်ခဲ့သလို တစ်နိုင်ငံလုံးက ကဗျာဆရာ နှစ်ရာနီးပါး တက်ရောက်ရွတ်ဆိုခဲ့ကြပါတယ်။" ဟု ကဗျာဆရာမောင်မော်ကွန်းက ပြောသည်။

ကျွန်းမကြီးကဗျာရွတ်ပွဲသည် တစ်နိုင်ငံလုံးမှာ ရှိသော ကဗျာဆရာများလာရောက်ကြသဖြင့် မြန်မာနိုင်ငံ၏ ကဗျာညီလာခံကြီး ဖြစ်သည်ဟု ကဗျာမောင်မော်ကွန်းကဆိုသည်။

ဇေယျတု (မကွေး)

mdn