မကွေး           ဇန်နဝါရီ        ၂       

မကွေးတိုင်းဒေသကြီးအတွင်း (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ များကို ဇန်နဝါရီ ၂ ရက် နံနက်(၈)နာရီအချိန်က တိုင်းဒေသကြီး မိုးလုံလေလုံအာကစားခန်းမနှင့် ခရိုင်အားကစားကွင်းတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။

မကွေးမြို့တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖူဆယ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲ၊ လွန်ဆွဲပွဲ၊ ဘောလီဘောပြိုင်ပွဲ(ကျား/မ)၊ ထုတ်ဆီးထိုးပြိုင်ပွဲ၊ မီတာ(၁၀၀)ပြေးခုန်ပစ် (ကျား/မ) ပြိုင်ပွဲများကို တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများမှ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်လျက် ရှိကြောင်း သိရသည်။

အဆိုပါ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲများ၏ နောက်ဆုံး ဗိုလ်လုပွဲစဉ်များကို ဇန်နဝါရီ(၄)ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။  

ကိုစည်သူ(မကွေး)