မကွေး ၁၉ မေ
မကွေးမြို့တွင် မေ ၁၈ ရက်နေ့ ညနေ(၅)နာရီအချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် မကြီးကန် ကျေးရွာ၊ ဆားတိုင်ကန်ကျေးရွာ၊ ဖုတ်ကုန်းကျေးရွာ၊ ပုထိုးကျေးရွာ၊ ကျွန်းပြတ်ကျေးရွာ အပါအဝင် ကျေးရွာ(၈)ရွာ၌ နေအိမ်(၂)လုံးပြိုကျ၍ နေအိမ်(၃၃)လုံး အမိုးလန်ပျက်စီးပြီး လူနှင့် တိရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပျက်စီးသည့်နေအိမ်များအား သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေး အဖွဲ့များက အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)


