သရက် ၁၂ မတ်

 

မကွေးတိုင်းဒေသကြီး လူထုအခြေပြု ဗဟိုဌာန၌ နွေရာသီအခမဲ့ အင်္ဂလိပ်စာ အခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့ စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

 

အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဆွေက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ပြောကြားရာမှာ နွေရာသီကျောင်း ပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ သုံးစွဲတတ်စေရန်နှင့် အင်္ဂလိပ်စကားပြောအခြေခံ ကောင်းမွန်စေရန် ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး Women Club နာယက၊ သင်တန်းဆရာမ ဒေါ်ခင်တင်ထွေးက သင်တန်းတွင်ပို့ချရမည့် ဘာသာရပ်များနှင့် သင်တန်းစည်းကမ်းများကို ပြောကြားပေးခဲ့သည်။

 

အဆိုပါ သင်တန်းကို မတ်(၁၂)ရက်မှ ဧပြီ(၁၀) ရက်နေ့ထိ ရက်(၃၀)ကြာ ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အလယ်တန်းဆင့် ကျောင်းသား/ကျောင်းသူ(၃၇)ဦး တက်ရောက်သင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။  

           

ဇော်ထက်(သရက်)