နေပြည်တော် ၃  မေ

သစ်တောဉီးစီးဌာနအနေဖြင့် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးလျက်ရှိရာ သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ် ရေးအဖွဲ့ဝင်များနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မေ ၂ ရက် တွင် မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့နယ် မင်းတုန်းရိုးမကြိုးဝိုင်း၊ အကွက်အမှတ် (၈) ကျောက်ကြီးချောင်းဖျားနေရာမှ ကျွန်းခွဲသား (၁၉) ချောင်း (၃ ဒသမ ဝ၀၁၈) တန် ဖမ်းဆီး ရမိခဲ့ကြောင်းသိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အင်းတိုင်သစ်နှင့် သစ်တောထွက်ပစ္စည်း စစ်ဆေးရေးစခန်းအနီးနေရာ၌ FUSO (၁၂)ဘီး (အပြာရောင်) မော်တော်ယာဉ်ပေါ်မှ ကျွန်းပါကေး (၂၇၅၀)တုံး (ဝ ဒသမ ၈၅၉၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ပြစ်မကျူးလွန်သူများနှင့် ဆက်စပ်သောသူ များအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဉီးစီးဌာနမှ သိရသည်။

မောင်လူမော်