မကျေပွဲပြန်လည်ထိုးသတ်ဖို့ နီးစပ်လာပြီဖြစ်တဲ့ ဖလွိုက်မေဝယ်သာနဲ့ မက်ဂရီဂေါ်

အမေရိကန်ပရော်ဖက်ရှင်နယ်လက်ဝှေ့သမား ဖလွိုက်မေဝယ်သာနဲ့ အိုင်ယာလန်လက်ဝှေ့ကျော် မက်ဂရီဂေါ်တို့ဟာ မကျေပွဲပြန်လည်ထိုးသတ်ဖို့ နီးစပ်နေပြီဖြစ်ပြီး အဲဒီပြိုင်ပွဲအတွက် ပေါင်သန်း ၁၃၀ တန်ဖိုးရှိ သဘောတူညီချက်တစ်ရပ်ချုပ်ဆိုဖို့လည်း နီးစပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

ဖလွိုက်မေဝယ်သာနဲ့ မက်ဂရီဂေါ်တို့ဟာ ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်းက လက်စ်ဗီးဂတ်မှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြတာဖြစ်ပြီး အဲဒီပြိုင်ပွဲဟာ ၁၀ ချီထိုးသတ်တဲ့ပြိုင်ပွဲဖြစ်ကာ ဖလွိုက်မေဝယ်သာက မက်ဂရီဂေါ်ကို အလဲထိုးနိုင်ပွဲရရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မက်ဂရီဂေါ်က ဖလွိုက်မေဝယ်သာနဲ့ မကျေပွဲပြန်လည်ထိုးသတ်ဖို့ ဆန္ဒရှိနေတယ်လို့ သည်ဆန်း သတင်းဌာနက သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဖလွိုက်မေဝယ်သာဟာ အိုင်ယာလန် လက်ဝှေ့သမား မက်ဂရီဂေါ်ကို အနိုင်ရရှိခဲ့ပြီးကတည်းက မည်သည့်ပရော်ဖက်ရှင်နယ် လက်ဝှေ့ပြိုင်ပွဲ ကိုမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ငွေကြယ်