အထက်မင်းလှ   ၂၈   နိုဝင်ဘာ

 

မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင် ၊မင်းလှမြို့နယ်၊ခလိုင်းကျေးရွာတွင်ဆိုလာဓာတ်အား မီးလင်းရေး စီမံကိန်း ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီ (၂၀) မိနစ် အချိန်က ခလိုင်း ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တက်ရောက် ပန္နက်တင် ပေးခဲ့ကြောင်း သိရသည်။

 

 

အခမ်းအနားတွင်  မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက     အဖွင့်   အမှာစကား ပြောကြားပြီး၊ပြင်သစ်နိုင်ငံ သံအမတ်ကြီး Mr.Christian Lechervy   ၊မကွေးတိုင်း ဒေသကြီး စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ    ဝန်ကြီးဦးဝင်းမော်ဌေး၊EDFမှ Asia Director , Mr. Jean-Phillippe Buisson  ၊InfraCo Asia မှ CEO Mr.Allard Nooy      ၊InfraCo Myanmar မှ    Managing Director Mr.Yanis Boudjouher ၊SolaRiseSysမှ Managing Director ဦးကျော်မင်းထွန်း တို့က ကျေးဇူးတင် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ကြသည်။

 

ထို့နောက်     မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက    ဆိုလာဓာတ်အား မီးလင်းရေး စီမံကိန်း နေရာတွင် ပန္နက်တိုင်များ စိုက်ထူပေးခဲ့ကြသည်။

 

ထို့နောက်     မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည်        ခလိုင်းကျေးရွာ ကျေးလက် ဆေးပေးခန်းနှင့် ကျေးရွာအတွင်း လိုက်လံကြည့်ရှုခဲ့ပြီး     လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဆိုလာဓာတ်အားမီးလင်းရေး စီမံကိန်း ပန္နက်တင် မင်္ဂလာအခမ်းအနားသို့ မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ၊ပြင်သစ်နိုင်ငံ သံအမတ်ကြီး Mr.ChristianLechervy နှင့် အဖွဲ့ဝင်များ မကွေးတိုင်းဒေသကြီးသယံဇာတ၊သဘာဝပတ်ဝန်းကျင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော် ၊မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ သရက်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ  ၊မင်းလှမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ မင်းလှမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ကျေးရွာနေ ပြည်သူများ(၃၀ဝ)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည်   ဘွဲ့ကျေးရွာအုပ်စု   ၊ညှင်းသွန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)တွင် ဇေကမ္ဘာ ကုမ္ပဏီမှ လှူဒါန်းသော ကျောင်းဆောင်သစ် ဆောက်လုပ် ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။

 

ဇာဇာ(အထက်မင်းလှ)