မကွေး၊  ၂၆   ဇန်နဝါရီ

 

ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာသန်း ၃၉၀ ဖြင့် နိုင်ငံတစ်ဝန်းတွင် အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း NEP (National Electrification Project) များ လုပ်ဆောင်လျက်ရှိပြီး မကွေးတိုင်း အတွင်းမှ ရွာပေါင်း ၁၀၅၀ ကိုလည်း အဆိုပါစီမံကိန်းဖြင့် လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးနေကြောင်း မကွေးတိုင်းလျှပ်စစ်အင်ဂျင်နီယာ ဦးထောင်းဇိုခိုင်ထံမှ သိရသည်။

 

လက်ရှိဓာတ်အားလိုင်းမှ ၂ မိုင် နှင့် ၃ မိုင်အတွင်းကို NEP Phase(1) ၊ ၃ မိုင် နှင့် ၅ မိုင်ကြားကို NEP Phase(2) ဟူ၍ သတ်မှတ်လုပ်ဆောင်ပေးနေပြီး Phase(1)စီမံချက်တွင် ရွာပေါင်း ၆၆၄ ရွာ၊ Phase(2)တွင် ရွာပေါင်း ၃၈၆ ရွာပါဝင်ကြောင်း သိရသည်။

 

၂၀၂၀ ပြည့်နှစ် သြဂုတ်လအထိ မကွေးတိုင်း၏ လျှပ်စစ်ဓာတ်အား လွှမ်းခြုံနိုင်မှုမှာ ၃၅ ရာခိုင်နှုန်းကျော် ရှိခဲ့သော်လည်း NEP စီမံကိန်းများ ကာလတိုအတွင်း အောင်မြင်ခဲ့ခြင်းကြောင့် ၂၀၂၁ ဇန်နဝါရီလအထိ လျှပ်စစ်ဓာတ်အား လွှမ်းခြုံနိုင်မှုမှာ ၄၈ ဒသမ ၅၂ ရာခိုင်နှုန်းထိ တိုးတက်လာကြောင်း မကွေးတိုင်း လျှပ်စစ်အင်ဂျင်နီယာရုံး မှတ်တမ်းများအရ သိရသည်။

 

ဇေယျတု(မကွေး)

 

mdn