ဂန့်ဂေါ  ၁၇  ဇွန်

 

COVID- 19 ရောဂါကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၂၀ ပြည့်နှစ် ဇွန် ၁၅ ရက်ထိ ထုတ်ပြန်ထားသော ပြည်သူသို့ပန်ကြားချက် အမိန့်၊ အမိန့်ကြော်ငြာစာ ညွှန်ကြားချက်များ (ဖြေလျှော့ပေးသည့် ကိစ္စရပ်များမပါ) အား ၂၀၂၀ ပြည့်နှစ် ဇွန် ၃၀ ရက်ထိ ရက်တိုးမြှင့်သတ်မှတ်ဆောင်ရွက်ထားကြောင်း သိရသည်။

 

အဆိုပါ ပြည်သူများသို့ပန်ကြားချက်များအား ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက  ယမန်နေ့က ဂန့်ဂေါမြို့ပေါ်ရပ်ကွက်များ၌ အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာပေးခဲ့ကြောင်း သိရသည်။

 

တောင်သားမောင်သန်း