ကံမ ဇူလိုင် ၂၄

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထောက်ပံ့သည့် ဆန်များကို ကံမမြို့နယ်မှ ရေဘေးသင့်ပြည်သူများသို့ ပေးအပ်ပွဲအခမ်းအနားအား ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရေဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။

 

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအုန်းဌေးက အမှာစကား ပြောကြားပြီးနောက် ကံမမြို့နယ်မှ ရေဘေးသင့်ပြည်သူများသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထောက်ပံ့လှူဒါန်းသည့် ဆန်(၁၉၀)အိတ် (၁၀)ပြည်အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအုန်းဌေးက ရေဘေးသင့်ပြည်သူများအား ပေးအပ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ထောက်ပံ့သည့် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ခေါက်ဆွဲခြောက်နှင့် လူတစ်ဦးလျှင် ၁၀၀ဝ ကျပ်နှုန်း ထောက်ပံ့မှုအား အဖွဲ့ဝင်-၂ ဦးမြင့်ရွှေ၊ အဖွဲ့ဝင်-၃ ဦးရဲအောင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက ထောက်ပံ့ပေးအပ်ခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများကို ပေးအပ်ပြီးနောက် ရေဘေးသင့် အိမ်ထောင်စုဝင်များကိုယ်စား ဒေသခံတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

 

ကျော်ဇေယျဝင်း(ကံမ)