အောင်လံ  ၃၁  မေ

 

မကွေးတိုင်းဒေသကြီး အောင်လံမြို့၌ တိုင်းဒေသကြီးအစိုးရအဖွဲ့   စီမံကိန်းဘဏ္ဍာရေးနှင့် စည်ပင်သာ ယာရေးဝန်ကြီး   ဦးဇော်မင်းသည်     တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊   မြို့နယ်ဆင့်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီဉက္ကဌနှင့်  အဖွဲ့ဝင်များ၊   မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များ တို့နှင့်အတူ မေ ၃၀ ရက် ညနေ(၃)နာရီခွဲက မြို့မဈေး နှင့်မြနန္ဒာဈေးအား ပြန်လည်ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ဝန်ကြီးသည်  ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက်     ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ  ဈေးကိုဖွင့်လှစ် ရောင်းချနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ သန့်ရှင်းရေး အခြေအနေ များအား ကြည့်ရှုစစ်ဆေးပြီး၊ ပျံကျဈေးသည်များကို လက်ရှိရောင်းချလျှက်ရှိသော ယာယီပျံကျဈေးတွင် ဆက်လက်ထားရှိ ရောင်းချစေရေး၊ ဈေးပတ်ဝန်းကျင်  တားမြစ်ဧရိယာများတွင် ပျံကျဈေးသည်များ ဈေးမရောင်းချစေရေး၊   မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့တွင်    ဆိုင်ခန်းမှတ်ပုံတင်ထားသော ဈေးသည်များသာ    ဖွင့်လှစ်ရောင်းချရေးတို့အတွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

သိန်းလွင်(အောင်လံ)