ဂန့်ဂေါ ၊ ၄ ဖေဖော်ဝါရီ

           

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးလက်နေပြည်သူများ နွေရာသီကာလ ရေရှားပါးမှုမဖြစ်ပေါ်စေရေးအတွက် ရည်ရွယ်၍ သန့်ရှင်း သော သောက်သုံးရေ ရရှိရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ထီးလင်းမြို့နယ်အတွင်းရှိ တောမကျေးရွာ၌ လက်တူးတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်း ဆောင်ရွက် နေမှုများကို ဖေဖော်ဝါရီ ၃ ရက်က တာဝန်ရှိသူများက ကွင်းဆင်းကြည့် ရှုစစ်ဆေးသည်။

 

mdn

 

ထိုသို့စစ်ဆေးရာတွင် ဂန့်ဂေါခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းအောင်၊ ထီးလင်းမြို့နယ် ကျေးလက်ဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၂ ဦးစည်သူနှင့် ဝန်ထမ်းများအဖွဲ့က တောမကျေးရွာတွင် မူလခွင့်ပြုရန်ပုံငွေကျပ် ၁၇ ဒသမ ၉ သန်းဖြင့် အကျယ် ၆ ပေ၊ အနက် ပေ ၃၀ ရှိ လက်တူးတွင်းတူးဖော်ခြင်းလုပ်ငန်း၊ ဂါလန် ၅၀ဝ၀ ဆံ့ အုတ်ရေကန်တည် ဆောက်ခြင်း လုပ်ငန်းနှင့် အရှည်ပေ ၄၅၀ဝ ရှိ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းများ တာဝန်ယူဆောင်ရွက်နေသော ကုမ္ပဏီတာဝန်ခံက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ ခရိုင်ဦးစီးမှူးမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တောမကျေးရွာသည် နှစ်စဉ်နွေရာသီကာလများတွင် ရေရှားပါးမှုကြုံတွေ့နေရပြီး ယခု အခါ လက်တူးတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ ကျေးလက်နေပြည်သူများနှင့် ကျွဲနွားတိရစ္ဆာန်များအတွက် သန့်ရှင်းသော သောက်သုံးရေများ ဖူလုံစွာရရှိတော့ မည်ဖြစ်ကြောင်း ဂန့်ဂေါခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းအောင်ထံမှ သိရသည်။

                                                                       

ဇော်မင်းဌေး