မကွေး အောက်တိုဘာ ၁၁
မကွေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ နေ့စဉ်လုပ်ငန်းညှိနှိုင်းအမှတ်စဉ်(၃၅/၂၀၂၁) အစည်းအဝေးကို ယနေ့ နံနက်(၉)နာရီက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မကွေတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင် တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားအတွင် တိုင်းဒေသကြီး ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကား ပြောကြားပြီး သက်ဆိုင်ရာခရိုင်များအလိုက် တာဝန်ပေးအပ်ထားသည့် ကော်မတီဝင်များက ခရိုင်/မြို့နယ်များတွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုအခြေအနေများ၊ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် နေ့စဉ် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို လည်းကောင်း ရှင်းလင်း တင်ပြဆွေးနွေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူးက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအလိုက် ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ကာကွယ် ဆေးများ ထိုးနှံပေးမှု အခြေအနေများနှင့် ထိုးနှံပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသ ကြီးပညာရေးမှူးက အသက်(၁၂)နှစ် ကျောင်းသား/သူများအား ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီး ပြန်/ဆက်ဦးစီးမှူးက ပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရေး အသိပညာပေး လှုံ့ဆော် ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ ဌာနဆိုင်ရာများက ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့ချရေးလုပ်ငန်းစဉ်များ ဆက်လက်ပြီး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဗဟိုကော်မတီ၏ လမ်းညွှန်ချက်များအား အချိန်နှင့်တစ်ပြေးညီ လိုက်နာဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
စည်သူ(မကွေး)


