မကွေး မတ် ၂၅

 

မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ဝန်ထမ်းများအား မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် လက်‌တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြသခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရုံးဝင်းအတွင်း၌ ကျင်းပသည်။

 

ဦးစွာ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးမျိုးလှိုင်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

 

ထို့နောက် မီးသတ်ဆေးဘူးကိုနည်းစနစ်မှန်ကန်စွာ ကိုင်တွယ်အသုံးပြုတတ်စေရေး သရုပ်ပြသခြင်း၊ “191” Application အသုံးပြုပုံ၊ Gas Fire မီးလောင်နေမှုအား ငြှိမ်းသတ်မှု သရုပ်ပြခြင်း၊ ဆီမီးလောင်ငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြခြင်းများကို ဆောင်ရွက်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)