မြို့သစ်၊ ၁၉ မေ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ စိုက်ပျိုးရေး မွေးမြူရေးဆိုင်ရာ အသိပညာဗဟုသုတများ ရရှိလာစေရန် ရည်ရွယ်၍ အသိပညာပေးသင်တန်းဆင်းပွဲကို နဘဲကုန်းကျေးရွာအုပ်စု၊ ကိုရံ(တောင်)ကျေးရွာတွင် မေ ၁၈ ရက် ညနေပိုင်းက ပြုလုပ်သည်။
အခမ်းအနားတွင်မကွေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ဇော်ဟိန်းက သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခုသင်တန်းမှ စာတွေ့ လက်တွေ့များဖြင့် သင်ကြားပို့ချပေးခဲ့သော စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ဘာသာရပ်များအား လက်တွေ့နယ်ပယ်တွင်အသုံးချပြီး မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများအား တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းသားသင်တန်းသူ ၂၅ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ မေလ ၁၄ ရက်မှ ၁၈ ရက်အထိ ၅ရက်ကြာ သင်ကြားပို့ချခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးသန်းဝင်း၏ ပြောပြချက်အရ သိရသည်။
သန်းလွင်(မကွေး)


