မကွေး ဇန်နဝါရီ ၂၈
မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဧရာဝတီမြစ်အတွင်း ငါးသောက်ပေါက်များ စိုက်ထည့်ပွဲကို ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းက မကွေးမြို့၊ ကမ်းနားလမ်း ညောင်ကိုးပင်ဆိပ်ကမ်းတွင် ပြုလုပ်ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာ ဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသူရသွင်ကိုကိုနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးထွန်းခင်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ငါးသားပေါက်များအား စိုက်ထည့်ခဲ့ကြသည်။
အဆိုပါ ငါးသားပေါက်များ စိုက်ထည့်ပွဲအခမ်းအနားကို ငါးထုတ်လုပ်မှု တိုးတက်ရေးနှင့် ငါးသယံဇာတများ ပေါများလာစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမြစ်ချင်း သားပေါက်ကောင်ရေ နှစ်သိန်းခွဲ၊ ငါးခုံးမ သားပေါက်ကောင်ရေး ငါးသောင်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ သုံးသိန်းကို စိုက်ထည့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)


