မင်းဘူး၊ ၂၈ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမြင့်ရွှေသည် မင်းဘူးခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးတင်ထွန်း၊ ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးသိန်းကိုကိုထွန်း၊ ပွင့်ဖြူငါးလုပ်ငန်း စခန်းတာဝန်ခံ ဦးဉာဏ်ဝင်းတို့ လိုက်ပါလျှက် ဒီဇင်ဘာ ၂၇ ရက်က ပွင့်ဖြူမြို့နယ်၊ သာဂရကျေးရွာ ငါးမွေးတောင်သူ ဦးသောင်းနှင့် ဦးကုလားတို့၏ ငါးမွေးကန်များသို့သွားရောက်ပြီး CERP အစီအစဉ်အရ ထောက်ပံ့ပေးအပ်ခဲ့သည့် ငါးများ၏ကြီးထွားရှင်သန်နှုန်းများကို ကွင်းဆင်း စစ်ဆေးခဲ့ရာ ငါးမွေးမြူသည့် ကာလ ၄ လ၊ ၁၄ ရက်မှာ ကြီးထွား နှုန်းပျမ်းမျှ ၄ လက်မ မှ ၈ လက်မ ထိ၊ အလေးချိန်ပျမ်းမျှ ၄ ကျပ်သား မှ ၇ ကျပ်သားထိ၊ ရှင်သန်နှုန်း ၆၀% ခန့်ရှိကြောင်း တွေ့ရှိရပြီး တိုင်းဦးစီးဌာနမှူးမှ ငါးမွေးတောင်သူများအား ငါးမွေးမြူရာတွင် တွေ့ရှိရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေး မှာကြားခဲ့သည်။
ထို့နောက် တိုင်းဦးစီးဌာနမှူးနှင့်အဖွဲ့သည် ပွင့်ဖြူငါးလုပ်ငန်းစခန်းသို့ရောက်ရှိလာပြီး စခန်း တာဝန်ခံမှ ငါးလုပ်ငန်းစခန်းတွင် လက်ရှိဆောင်ရွက်ထားသည့် အခြေအနေများ၊ စခန်း သန့်ရှင်းသာယာ၊ လှပရေးဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လိုက်လံရှင်းလင်း ပြသခဲ့ရာ တိုင်းဦးစီးဌာနမှူးမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
MDN


