နေပြည်တော် ၄ ဇန်နဝါရီ

 

မြန်မာသက္ကရာဇ် ၁၂၈၁ ခုနှစ်၊ တပိုတွဲလပြည့်ကျော် (၅) ရက်၊ ခရစ်နှစ် ၁၉၂၀ ခုနှစ်၊ ဖေဖော်ရီလတွင် မဟာဝိဇယာရာမပထမ အာဒိသမုဋ္ဌာပကအဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇဝနမဟာထေရ်မြတ်ကြီး စတင်ဦးစီးတည်ထောင်တော်မူခဲ့သော ပခုက္ကူမြို့၊ မဟာဝိဇယာရာမပါဠိတက္ကသိုလ် အရှေ့တိုက်ကြီး၏ တိုက်တည်သက်တမ်း နှစ် (၁၀၀)ပြည့်မြောက်သည့် ရာပြည့်ပူဇော်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

နိုင်ငံတော်သြဝါဒစရိယ အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တနေမိန္ဒ မဟာထေရ်အရှင်မြတ်ကြီးအား အမှူးထားလျက် တပည့်သံဃာ ဒါယကာဒါယိကာမများက ကောဇာသက္ကရာဇ် ဖေဖော်ဝါရီ ၁၁ ရက် ည ၇ နာရီတွင် ပရိယတ်သာသနာ ရေရှည်တည်တံ့ပြန့်ပွားရေးအတွက် အကြံပြုတိုင်ပင်ဆွေးနွေးခြင်း၊ ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၉ နာရီတွင် မဟာထေရ်ကြီးများထံမှ သြဝါဒခံယူခြင်းနှင့် မွန်းလွဲ ၁ နာရီတွင် မဟာဝိဇယာရာမတိုက် တည်ရာပြည့်ရေစက်ချ အောင်ပွဲမင်္ဂလာအခမ်းအနား ကျင်းပမည်ဖြစ်ပြီး ပင့်သံဃာတော်အပါး (၁၁၀၀) တို့အား တစ်ပါးလျှင် နဝကမ္မအလှူတော်ငွေ ကျပ်ငါးသောင်းစီဖြင့် လှူဒါန်းသွားမည်ဖြစ်သည်။

 

သို့ပါ၍ ပင့်လျှောက်လွှာရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ပခုက္ကူမြို့၊ မဟာဝိဇယာရာမ ပါဠိတက္ကသိုလ်(အရှေ့တိုက်)၊ အသောကာရုံကျောင်းတိုက်ကြီးသို့ အချိန်မီကြွရောက်ညီမူ ပူဇော်နိုင်ပါရန် နှိုးဆော်ထားကြောင်း ပွဲတော်ဖြစ်မြောက်ရေးကော်မတီမှ သိရသည်။

 

ကုသိုလ်ရှင်များအနေဖြင့် မိမိတို့သဒ္ဓါတရားအလျောက် တတ်စွမ်းသမျှ ပရိယတ္တိ ဓမ္မပူဇာအဖြစ် လှူဒါန်းလိုပါက ဖုန်း-၀၉၂၅၆၄၀၄၄၁၊ ဖုန်း-၀၉၂၃၀၀၄၉၁၊ ၀၉-၂၃၀၀၈၃၈၊ ၀၉၄၄၀၂၂၄၁၇ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

စိုးဝင်းထွန်း