မကွေး ဧပြီ ၉

 

ပူပြင်းခြောက်သွေ့သော ပွင့်လင်းရာသီကာလအတွင်း မီးဘေးလုံခြုံရေးအတွက် ရည်ရွယ်၍ မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်မှုလက်တွေ့ သရုပ်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပသည်။

 

ဦးစွာ မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမင်းထွန်းက မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာများ၊ လျှပ်စစ်မီးလောင်မှုအကြောင်းနှင့် သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေး ပြောကြားသည်။ ထို့နောက် 191 Report Mobile Application အသုံးပြုနည်း၊ ဂက်(စ်)အိုး မီးလောင်မှုအား မီးသတ်ဆေးဘူးဖြင့် လက်တွေ့ မီးငြှိမ်းသတ်ခြင်း၊ Dry Chemical Powder(DCP) မီးသတ် ဆေးဘူးဖြင့် စနစ်တကျလက်တွေ့ မီးငြှိမ်းသတ်ခြင်းများကို သရုပ်ပြခဲ့ပြီး ပြည်တွင်းအခွန်များဦးစီးဌာန ဝန်ထမ်းများကိုယ်တိုင် လက်တွေ့ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)