mdn

မကွေး ၂၇ အောက်တိုဘာ

 

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကျင်းပပြုလုပ်သည့် မဲရုံခင်းကျင်းမှု သရုပ်ပြသခြင်းအခမ်းအနားကို အောက်တိုဘာ ၂၇ ရက် နံနက် ၁၁ နာရီက မကွေးမြို့၊ အမှတ်() အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  အုပ်ချုပ်ရေးမှူးများ၊ မကွေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဌာနနှင့်၊ Volunteer ဆောင်ရွက်မည့်သူများ တက်ရောက်ပြီး မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစိုးထွဋ်ဦးက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲနေ့တွင် ပြုလုပ်မည့် မဲရုံပုံစံအတိုင်း Covid-19 စည်းကမ်းများနှင့်အညီ မဲရုံခင်းကျင်းထားရှိမှု အခြေအနေများနှင့် မဲပေးခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်တို့အား အသေးစိတ် လိုက်လံရှင်းလင်းပြသခဲ့သည်။

 

ထိုသို့ လိုက်လံရှင်းလင်းပြသမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မကွေးတိုင်းဒေသကြီး၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ၃၃၀၆၅၄၄ ဦး၊ တိုင်းရင်းသားမဲဆန္ဒရှင် ၈၇၆၄၁ ဦး စုစုပေါင်းမဲရုံ ၄၅၄၈ ရုံ၊တိုင်းရင်းသားမဲရုံ ၇၄၅ ရုံနှင့် အသက် (၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင် ၅၂၅၉၉၇ ဦးတို့ရှိကြောင်း သိရှိရသည်။

 

သန်းနိုင်ဦး(ငဖဲ)