မကွေး မတ် ၃၀
မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို မတ် ၂၉ ရက်က မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သည့် လုပ်ငန်းအပေါ် ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးအတည်ပြုခြင်း ဆောင်ရွက်ခဲ့ကြောင်းနှင့် မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ် နှံမှု ဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် တိုင်းဒေသကြီး ရင်းနှီးမြှု်ပနှံမှုကော်မတီသို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။
မောင်ညီညာ


