နေပြည်တော်  ၁၁ မေ

 

တောင်တွင်းကြီးမြို့နယ်အတွင်း မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့်ရရှိရေး လျှောက်ထား ခြင်းနှင့်စပ်လျဉ်း၍ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ ငွေကြေးပေးအပ်ခဲ့ရခြင်းအပေါ် အရေးယူပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သည်။

 

တိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြေတိုင်း(၄) ဦးမင်းမင်းလတ်သည် တောင်တွင်းကြီး မြို့နယ်အတွင်း မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့် ရရှိရေး လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ လျှောက်ထားသူများထံမှ စုစုပေါင်း ငွေကျပ် ၂,၂၂၀,၀၀ဝိ/-ကို တံစိုး လက်ဆောင်အဖြစ် လက်ခံရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့မရဲစခန်း၌ မေ ၁၁ ရက်တွင် ပထမ သတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။ 

 

သတင်းစဉ်