မကွေး ၁ ဧပြီ
ကမ္ဘာအရပ်ရပ်တွင် ဖြစ်ပွားလျက်ရှိသော ကိုရိုနာဗိုင်းရပ်စ် Coronavirus Disease 2019 (ကိုဗစ်-၁၉)ရောဂါ ကာကွယ်ရေးအတွက် ကာကွယ်ဆေးဖျန်းခြင်းလုပ်ငန်းကို မတ်လ ၃၁ ရက်နေ့ ညနေပိုင်းက မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် လုပ်ဆောင်ခဲ့သည်။
အဆိုပါ ဆေးဖျန်းခြင်းလုပ်ငန်းကို မကွေးတိုင်းဒေသကြီး တရားလွှတ်တော်နှင့် မကွေးမြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းဒေသကြီးတရားလွှတ်တော်၊ မကွေးခရိုင်တရားရုံးနှင့် မကွေးမြို့နယ် တရားရုံးတို့ရှိ ရုံးခန်းများ၊တရားခွင်များ Intake Counter ၊ Imformation Center စသည့်တို့အား (ကိုဗစ်-၁၉)ရောဂါ ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
သန်းနိုင်ဦး(ငဖဲ)


