ဆင်ပေါင်ဝဲ သြဂုတ် ၁၈

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် သြဂုတ် ၁၇ ရက် နေ့လယ်ပိုင်းက လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းနှင့် တိုင်းအဆင့်၊ ခရိုင်အဆင့် ဌာနဆိုင်ရာ  တာဝန်ရှိသူများလိုက်ပါကာ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ပရဟိတလူမှုရေး အသင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကာ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ်သိန်း (၅၀)နှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ၊ volunteer များအတွက် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် တက်ရောက်လာသူများမှ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေးခဲ့ရာ ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ Oxygen Plant ထားရှိမည့် အဆောက်အဦ ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များအား မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)
ဓာတ်ပုံ- ခန့်ဝင်း(ဆင်ပေါင်ဝဲ)