မကွေး စက်တင်ဘာ ၂၇

 

မကွေးတိုင်းဒေသကြီးအတွင်း ဝါစိုက်ပျိုးရေး၊ လက်ရက်ကန်း၊ စက်ရက်ကန်း ဒေသတွင်း SME လုပ်ငန်း ဆောင်ရွက်မှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းက ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်အမှာစကား ပြောကြားသည်။

 

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားပြီး ဌာနဆိုင်ရာ တိုင်းဒေသကြီး ဦးစီးမှူးများက သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးကာ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းက လိုအပ်သည်များ အကြံပြု ဆွေးနွေးပြီး ခရိုင်အုပ်ချုပ်ရေးမှူးများက မိမိခရိုင်အတွင်း ဝါစိုက်ပျိုးရေး၊ လက်ရက်ကန်း၊ စက်ရက်ကန်း ဒေသတွင်း SME လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် တာဝန်ရှိသူများ၏ ဆွေးနွေးတင်ပြမှုအပေါ်  တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

မောင်ညီညာ(မကွေး)