တောင်တွင်းကြီး      ဧပြီ      ၃၀

 

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် နွေစပါး Drum Seeder စနစ်ဖြင့် စိုက်ပျိုးထားသည့် ဝက္ကသေး ဧက ၁၀၀ စံပြကွက် တင်း ၁၂၀ နှင့်အထက် ထွက်ရှိရေး ဒေသခံ တောင်သူလယ်သမားများနှင့် တွေ့ဆုံပွဲကို ဧပြီ ၂၉ ရက်က ဝက္ကသေးကျေးရွာအုပ်စု စမ်းသပ်လယ်ကွက်များအနီး၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ပြီး တက်ရောက်လာသော တောင်သူ ၅၇ ဦးတို့အား ထောက်ပံ့ငွေများ အသီးသီးပေးအပ်သည်။

 

ထို့နောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာ တဝန်ရှိသူများက နွေစပါး ဧက ၁၀၀ စံပြစိုက်ကွက်အား ကြည့်ရှုကြသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရန်ပယ်ရေလှောင်တမံသို့ရောက်ရှိကာ နွေစပါးအောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် အောင်ရေများအခက်အခဲမရှိ လုံလောက်စွာပေးဝေနေမှုအခြေအနေများကို ကြည့်ရူစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနိုင်းဆောင်ရွက်ပေးခဲ့သည်။

 

နိုင်ဝင်း(ပြန်/ဆက်)