အောင်လံ ဖေဖော်ဝါရီ ၁၃
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့သည် အောင်လံမြို့နယ် နံဇူပင် ဆိုလာလျှပ်စစ်မြစ်ရေတင်ဖြင့် စိုက်ပျိုးမည့် လယ်မြေများအား ဖေဖော်ဝါရီ ၁၁ ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ကွင်းရှင်းလင်းဆောင်တွင် ဝန်ကြီးချုပ်အား နံဇူပင် ဆိုလာလျှပ်စစ်မြစ်ရေတင်လုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) ခရိုင်ဦးစီးမှူး ဦးမြင့်ကျော်က ၂၀၂၃-၂၀၂၄ ခုနှစ်တွင် နွေစပါးလျာထား (၁၅၅)ဧက စိုက်ပျိုးမည့် အခြေအနေများ၊ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ဝန်ကြီးချုပ်က ဒေသခံတောင်သူများတွေ့ဆုံကာ နွေစပါးအထွက်တိုးနှုန်း မြင့်မားရေးအတွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)