မကွေး ဩဂုတ် ၁၄

 

မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ တိုင်းဒေသကြီးအတွင်းရှိ Volunteer များအား ကျန်းမာရေးအာမခံစာချုပ်နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ဩဂုတ် ၁၃ ရက် မွန်းလွဲ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ တိုင်းဒေသကြီးအတွင်းရှိ   Volunteer များအား ကျန်းမာရေး အာမခံစာချုပ်နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က လက်ရှိ ကိုဗစ်-၁၉ ရောဂါသည် သဘာဝဘေး အမျိုးအစား ဖြစ်သည့်အတွက် မိမိအသိစိတ်ဓာတ်ဖြင့် Volunteer ကြက်ခြေနီ ပရဟိတ၊ နာရေးကူညီမှုအသင်းများအားလုံးမှ နိုင်ငံရေး အသွေးအရောင်မပါဘဲ First Wave Second Wave Third Wave တိုင်အောင် ပူးပေါင်းပါဝင်လာသည့်အတွက် တိုင်းဒေသကြီးအနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ လူမှုရေးအသင်းအဖွဲ့များ၏ စိတ်စေတနာကို တုံ့ပြန်ဂုဏ်ပြုသည့် အနေဖြင့် Volunteer များအား Premium ကျန်းမာရေးအာမခံ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းနှင့် ပတ်သက်ပြီး အသင်းအဖွဲ့ မှတ်ပုံတင်ပြုလုပ်လိုသူများ အနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်များသို့ လိုအပ်သည့် အချက်အလက်များနှင့်အတူ သွားရောက်လျှောက်ထားနိုင်ကြောင်း၊ လက်ရှိမှာ နေ့စဉ် Volunteer များအတွက် စားသောက်စရိတ် ၂၅၀၀ နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ပြီး နောက်ထပ်လည်း ထောက်ပံ့ပေးရန်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတာဝန်များ အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် Volunteer ဗဟိုကွပ်ကဲရေး Centre အား ဖွင့်လှစ်ထားရှိပြီး မြို့နယ်များအလိုက် Call Centre များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊ စိန်ခေါ်မှုအမျိုးမျိုး ကြုံတွေ့နေရသော ကိုဗစ်တတိယလှိုင်းကို တွန်းလှန်ကျော်လွှားနိုင်ဖို့ ရည်ရွယ်ချက် တူညီစွာဖြင့် ပရဟိတလုပ်ငန်းများကို လုပ်ကိုင်နေကြသည့် NGO အဖွဲ့များ အချင်းချင်း ဆက်သွယ်ပြီး အကူအညီတောင်းခံနိုင်ပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်း လက်ထောက်မန်နေဂျာ ဦးစိုးငြိမ်းက ကျန်းမာရေး အာမခံစာချုပ်များ ပြုလုပ်ခြင်းလုပ်ငန်းစဉ်များနှင့် အာမခံစာချုပ်များ ထားရှိခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်ပြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ ခရိုင် () ခရိုင်မှ Volunteer (၅၇၆) ဦးအတွက် ကျန်းမာရေး အာမခံစာချုပ်များ ပေးအပ်ခဲ့ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက Volunteer များအတွက် PPE ဝတ်စုံများ၊ လက်အိတ်များ၊ Mask ဘူးများ၊ Hand Gel များနှင့် Body Bag များ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြကာ တိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးအာမခံရှိသူများ ကိုယ်စား Volunteer တစ်ဦးက ကျန်းမာရေးအာမခံစာချုပ်နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

မောင်ညီညာ(မကွေး)