မကွေး နိုဝင်ဘာ ၂

မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို နိုဝင်ဘာ ၂ ရက် မွန်းလွဲ(၁)နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် အမှာစကား ပြောကြားသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ နာယက ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ ဦးစိုးပိုင်မြင့်က ကော်မတီအလိုက် လုပ်ငန်း ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ ဥက္ကဌများက မိမိတို့ သက်ဆိုင်ရာကော်မတီအလိုက် လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြကာ၊ လုပ်ငန်းဆပ်ကော်မတီမျာ၏ တင်ပြချက်များအပေါ်   တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ နာယက ဦးတင့်လွင်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

မောင်ညီညာ(မကွေး)