မကွေး နိုဝင်ဘာ ၁၀

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယမန်နေ့ မွန်းလွဲ ၃ နာရီက မကွေးပညာရေးဒီဂရီကောလိပ်ခန်းမတွင် မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၁-၂၀၂၂ ပညာ သင်နှစ်၊ အသစ်ခန့်ထားသော ဘာသာရပ်ဆိုင်ရာ သင်တန်းတက်ရောက်နေသည့် အခြေခံပညာ ဆရာ/ဆရာမများနှင့်တွေ့ဆုံ၍ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရဿည်။

တွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က  အမှာစကား ပြောကြားခဲ့သည်။

မကွေးတိုင်းဒေသကြီးအတွင်း အသစ်ခန့်အပ်ထားသည့် အခြေခံပညာဆရာ/ဆရာမများအား နိုဝင်ဘာ ၈ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ ဘာသာရပ်ဆိုင်ရာ သင်တန်းများ သင်ကြားပို့ချသွား မည်ဖြစ်သည်။

အခြေခံပညာကျောင်းများတွင်  သင်ကြားရေး ဆရာ/ဆရာမ များအဖြစ် တာဝန်ထမ်းဆောင်ရန်   သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသော အထက်တန်းပြ (၁၉၃)ဦး၊ လက်ထောက် အလယ်တန်းပြ (၆၅) ဦး၊ လက်ထောက်မူလတန်းပြ (၃၆၂) ဦး၊ စုစုပေါင်း (၆၂၀)  ကို စိစစ်ရွေးချယ်ခန့်ထားခဲ့ကြောင်း သိရသည်။

ကိုအောင်