မကွေး ၁၈   စက်တင်ဘာ 


(၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး အတွင်းမှ  ရဲတပ်ဖွဲ့ဝင် ၁၁၉ ဦးသည် ယနေ့နံနက် ၉ နာရီအချိန်၌ မကွေးတိုင်းပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်တွင် စုပေါင်းသွေးလှူဒါန်းမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ယာဉ်ထိန်း၊ မှုခင်း၊ မူးယစ်တားဆီးနှိမ်နင်းရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် တိုင်းခရိုင်၊ မြို့နယ် အသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့၏ စေတနာ ဆန္ဒအလျောက် အမည်စာရင်းပေး လှူဒါန်းခဲ့ခြင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်ဇော်၊ ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်လတ်၊ ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးနှင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ အားပေးဂုဏ်ပြုမှုများ လုပ်ဆောင်ခဲ့သည်။ 


သွေးလှူဒါန်းခဲ့ကြသည့် အရာရှိ ၂၆ ဦး၊ အခြားအဆင့် ၉၃ ဦးတို့အား မကွေးတိုင်းရဲတပ်ဖွဲ့မှ ပေါင်မုန့်၊ အချိုရည်၊ ကြက်ဥ(၁၀)လုံး၊ ဌက်ပျောသီးနှင့် ဓါတ်ဆားထုတ်များ၊ တိုင်းပြည်သူ့ဆေးရုံကြီးမှ သံဓါတ်အားတိုးဆေး တစ်လစာနှင့် အားဖြည့်အချိုရည်များ ထောက်ပံ့လှူဒါန်းခဲ့ကြကြောင်း သိရသည်။ 


ဇေယျတု(မကွေး)