မကွေး ၁  မေ

 

မကွေးတိုင်းဒေသကြီး၌ ဧပြီလ (၁)ရက်နေ့မှ (၃၀)ရက်နေ့အတွင်း လေပြင်းတိုက်ခတ်မှု ၃၃ ကြိမ်ဖြစ်ပွားပြီး မြို့နယ် (၁၂)ခုရှိ အိမ်ထောင်စု ၆၄၀ ၊ လူဦးရေ ၂၇၀၉ ဦး လေဘေးသင့်ခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မှ သိရသည်။

 

1025

 

" မကွေး နဲ့ ဆင်ပေါင်ဝဲကတော့ ပျက်စီးမှုအများဆုံးပဲ။ သဘာဝဘေး ကြုံသူတွေအတွက် ထောက်ပံ့မှုတွေကို အမြန်လုပ်ဆောင်ပေးနေပါတယ် '' ဟု မကွေးတိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမြင့်စိုးက ပြောသည်။

 

လေဘေးဒဏ်ကြုံသူ တစ်ဦးလျှင် (၇)ရက်စာ ဆန်ဖိုးငွေကျပ် ၂၁ဝဝ ၊ နေအိမ်ပြိုကျလျှင် တစ်သိန်းကျပ် ၊ အမိုးလန်ပျက်စီးမှုများအတွက် ပျက်စီးမှုအနေအထားပေါ်မူတည်၍ သုံးသောင်းကျပ် ၊ ငါးသောင်းကျပ် စသည်ဖြင့် ထောက်ပံမှုများ ဆောင်ရွက်ထားသည်ဟု တိုင်းဦးစီးမှူး က ဆိုသည်။

 

103

 

မကွေးတိုင်း၌ လေပြင်းကြောင့် လူနေအိမ် ၁၇ လုံး ပြိုကျခဲ့ပြီး နေအိမ် ၆၂၃ လုံး ၊ ဘာသာရေး အဆောက်အဦ ၈ လုံး၊ တစိတ်တပိုင်း ပျက်စီးခဲ့ကြောင်း ၊ ပျက်စီးမှုများအတွက် ကယ်ဆယ်ရေးပစ္စည်း၊ အိမ်ဆောင်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေ ၂၃၈ သိန်းကျော် ထောက်ပံ့ခဲ့ကြောင်း မကွေးတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။

 

ဇေယျတု(မကွေး)

 

10420